ငလျင်ဒဏ်သင့်နေရာတွေက ပြည်သူတွေဟာ အဆောက်အအုံတွေထဲမှာ ပြန်နေထိုင်လို့ မရသေးတာကြောင့် နေရာထိုင်ခင်း အခက်အခဲရှိနေ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

Podcast artwork

- နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ယာယီ ခိုလှုံရေး စခန်းတွေ ပြုလုပ် ထားပေမဲ့ သွားရောက် နေထိုင်သူ မရှိသလောက် ဖြစ်နေတာတွေ့ရ၊ အကူအညီပေးလိုသူတွေနဲ့ အကူအညီလိုအပ်နေသူတွေကြား အချိတ်အဆက်မရှိ ဆက်ဖြစ်နေ - နိုင်ငံတကာက ပေးတဲ့ ထောက်ပံ့ရေးပစ္စည်း ၁၂၈၁ တန်ကျော် လက်ခံရရှိထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပေမဲ့ဒီလှုဒါန်းကူညီမှုတွေကို ဘယ်လို စီမံခန့်ခွဲနေပြီး၊ ဘယ်ဝန်ကြီးဌာနတွေက အဓိက ကိုင်တွယ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရ - အင်းဝမြို့ဟောင်းမှာ ငလျင်ကြီးကြောင့် ထပ်ပြီး ပေါ်လာတဲ့ သရက်ကင်းလှေကားနဲ့ ရေနန်းတော် အကြောင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်နဲ့ မေးမြန်းခန်း - အမေရိကန်ရဲ့ စည်းကြပ်ခွန် တိုးမြှင့်တာဟာ ငလျင်ဒဏ်က ရုန်းထရမယ့် မြန်မာအတွက် ပိုပြီး အနာတရ ဖြစ်စေမယ် ဆိုပြီး မြန်မာနိုင်ငံထဲက အထည်ချုပ် လုပ်ငန်းရှင်တွေ ထုတ်ပြန်၊ မြန်မာပြည်က သွင်းကုန်တွေ အပေါ် အမေရိကန်က ၄၄ ရာခိုင်နှုန်း အခွန် တိုးမြှင့်တာ မနက်ဖြန် ဗုဒ္ဓဟူး နေ့ဆိုရင် စတင် သက်ရောက် လာတော့မယ်၊ အထည်ချုပ်လုပ်ငန်းမှာ အမျိုးသမီးငယ် အများစု ဖြစ်တဲ့ လူပေါင်း ၅ သိန်းကျော်ကို အလုပ်အကိုင် ပေးထားပြီး အဲဒီ အလုပ်အကိုင် အခွင့်အလမ်းတွေ ထိခိုက်လာဖွယ်ရှိ

Visit the podcast's native language site